နွားကျောင်းနေသူများ
ဟမ်းချိမ်း စတိုင်လ်ပင်နဲ့
Taxi မောင်းသူများ
ဟိုင်းလပ် တိုယိုတာနဲ့
ရေ လိုက်ရောင်းသူများ
ဆောင်းဘောက်စ် ဆိုင်ကယ်နဲ့
ပေါက်စီ ရောင်းသူများ......၊
အဖြူ အမဲ ကွဲပြားမသိ
ကွမ်းယာသည် သူဌေး
ကွတ်တယို သူဌေး
လေပူဖောင်းရောင်းသူလဲ သူဌေး
အဲဒီမြို့မှာပေါ့
ကိုသာလှ အရိပ်နဲ့
လှေဆိပ် ဓါးပြတိုက်သူများ......၊
မဝရေစာနဲ့
ဘဝနေစရာ ရှာသူများ
အသွေးအသား
ဈေးကစားကြသူများ
ဆံပင်ရှည် ဂျင်းပင်လ်နဲ့
ကန်းထရီး သီချင်းတွေကြား
ဘောလုံးကစားကြသူများ......၊
နှုတ်ခမ်းနီမလေးများ
အပျင်းပြေ ဘီယာသောက်တဲ့မြို့......၊
အဲဒီမြို့မှာဘဲ
ခေတ်ပျက်သူဌေးတွေ
စည်းစည်းလုံးလုံးနဲ့
ပြုံးနိုင်ကြတယ်
အဲဒီမြို့မှာဘဲ
ချဉ်ပေါင်ရွက်နဲ့ ကိုးလုံးကျဉ်
လဲခဲ့ရသူရှိတယ်......၊
အဲဒီမြို့မှာဘဲ
ကိုယ့်အရိုး ကိုယ်ချိုး
ပျိုးခဲ့သူတွေရှိတယ်......၊
အဲဒီလိုမြို့မှာ
သူဌေးတွေပေါတာ
မဆန်းတော့သလိုပါ......၊
မင်းလွမ်းနောင်
ရောင်ခြည်ဦး အလုပ်သမားရေးရာ ဂျာနယ်တွင် ဖော်ပြပြီး.........၊
No comments:
Post a Comment