Saturday, May 28, 2011
ငါ့ရဲ့ နတ်သမီး
နင်ဟာ နတ်သ္မီး
မာယာလက်နှစ်ဖက်နဲ့
အချစ်ရဲ့ နံနက်ခင်းတွေကိုခူးချွေ
မူးနေသူတယောက်ကို
ဆူးတွေ စူးစေခဲ့သူ .........၊
နင်ဟာ နတ်သ္မီး
အယောင်ဆောင်ကြင်နာမှုနဲ့
အတ္တချစ်ချင်းတွေ စီးချင်းထိုး
ဥဒါန်းတွင်မဲ့ သူရဲကောင်းတယောက်လို ....၊
နင်ဟာ နတ်သ္မီး
မြင်းရိုင်းကိုစီးပြီး
ပန်းခင်းတွေကိုမှ နင်းဖြတ်ချင်သူ
အပြုံးရိပ်မဲနဲ့ နှလုံးအိမ်ကို အဆိပ်တွေကျဲခဲ့သူ………၊
နင်ဟာ နတ်သ္မီး
……………… သူ
နင်ဟာ……..၊
နတ်သ္မီး …………..၊
MIN LWAN NAUNG
Subscribe to:
Post Comments (Atom)
No comments:
Post a Comment