Saturday, May 28, 2011

မင်းလွမ်းနောင်ဟုခေါ်သည်

သောကြာကြယ်စုံ ဂြိုလ်အဖုံဖုံ
အလည်တခေါက် ငါရောက်ခဲ့သည်
အတွေးစိတ်ကူး ဘုန်းမီးနေလတောက်စဉ်က ........၊

အလင်္ကာဖွဲ့ဆို ကဗျာထိုထို
စာဆိုအသီးသီး လေးစားခဲ့သည်
စာပေးစိတ်ကူး ရူးစဉ်က .............၊


ဓါးစဉ်ကိုကိုင် ခါးကိုကိုင်းပြီး
ရိတ်သိမ်းစပါး ကောက်ရိုးကြားတွင် ပျော်မွေ့ခဲ့သည်
ကျေးလက်ဓလေ့ အေးချမ်းစဉ်က ...........၊


ပုသိမ်ညဈေး ကမ်းနံဘေးမှာ
သူငယ်ချင်းများနဲ့
ထွက်လည်ရင်းက ပျော်ခဲ့ဖူးသည်
တို့ကျောင်းတော်ကြီး ခေတ်ကောင်းစဉ်က............၊


ထိုစဉ်က ….၊
တချိန်က ….။
ထိုသို့ ဤသို့ အနှီကဲ့သို့
ရွယ်လွန်ရွေ့လျား
တမြေခြားတွင် တွေ့ရကြုံရ ခံစားသမျှ
ကိုယ်တိုင်ချရေး ကဗျားတေးကို
ဆက်၍ …ဆက်၍
ရေးခဲ့သည်..။


ကဗျာတွေကို စွဲလမ်း
ခပ်ရဲရဲလည်း လွမ်းရဲခဲ့သည့်
ကပ်ပါးကောင်လို အဲဒီကောင်ကို
မင်းလွမ်းနောင် ဟုခေါ်သည်...........၊


(မင်းလွမ်းနောင်)

No comments:

Post a Comment