မြေဆွေး
ဘာကြောင့်များအငြိုးထား
အသားကျနေတဲ့ မြေကိုမှ
ပြန်တူးဆွချင်တာလဲ ………၊
အနင်းခံဖြစ်နေတာတောင်မှ
မင်းအတွက် စတေးပြီး
အဆွေးခံလိုက်တဲ့ကောင်ပါ
မင်း…. ဖူးပွင့်ခွင့်ရခဲ့ပြီဘဲ………….၊
ဖြစ်စေရမယ်
အကြိမ်ကြိမ် ဖူးပွင့်ချင်ရင်
အဖန်တလဲလဲ ငါ အဆွေးခံမယ်..........၊
တခုတော့ရှိတယ်
ပန်းဆိုတာ အချိန်ကြရင် ကြွေရတယ်
မြေဆွေးဆိုတာ ဘဝကိုစတေးပေမဲ့
အလှချွေတဲ့ လေပြေတော့ ဘယ်ဟုတ်ပါ့မလဲ .........၊
မင်းလွမ်းနောင်
No comments:
Post a Comment