Saturday, May 28, 2011
……………စတေးခံနောက်ဆုံး …………
မြတ်နိုးမိတဲ့ လမင်းရေ
ငါ့ဘဝက မှောင်လွန်းတော့
အလင်းတွေ သိုသိပ်လွန်းတယ် ……………။
တောင့်တမှု တခုတည်းပါ
အားလုံးကိုမြိုသိပ် စကားလုံးတွေကို
အမှုန့်ကြိတ်ခဲ့ရတယ် ………….။
ငါ့ ပိုင်ဆိုင်မှုဖန်ခွက်ထဲက
မင်းဟာ ထာဝရလရိပ်ပါ
ပျောက်ပျက်ခြင်းမဲ့ ပိုင်ဆိုင်ခွင့်မရှိသလိုပေါ့ ……………..။
စတေးခံနောက်ဆုံးတော့
ငါ့အရိုး ငါချိုး ပြန်ပျိုးခဲ့တဲ့ကိုင်းမှာ
သက်မဲ့ နှင်းဆီတွေ
ပွင့်နေပြီ ...........။
(မင်းလွမ်းနောင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment